ယေ​ရ​မိ 3:4-10 BJB

4 ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။

5 ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။

6 ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။

7 သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ၏။

8 ဖောက်ပြန်သော ဣသရေလသည် မတရားသော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက်သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။

9 သူသည် မတရားသော မေထုန်ကိုပြု၍ အလွန်လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍၊ ကျောက် နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။

10 ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက်သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။