ယေ​ရ​မိ 31:1-5 BJB

1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။

2 တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ်သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။

3 ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။

4 အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာနှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။

5 ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။