ယေ​ရ​မိ 36:1-7 BJB

1 ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊

2 သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကားအတိုင်း ရေးထားလော့။

3 ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီးလိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

4 ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။

5 ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရသောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။

6 သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။

7 သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်းကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသောအမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။