ယေ​ရ​မိ 36:15-21 BJB

15 သူတို့ကလည်း ထိုင်လော့။ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ၏။

16 ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင်၊ အချင်းချင်း ကြောက်ရွံ့သောစိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။

17 တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင်၊

18 ဗာရုတ်က၊ သူသည် ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ၏ဟု ပြန်ပြောသော်၊

19 မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့် အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟု ဗာရုတ်အား မှာခဲ့၍၊

20 စာလိပ်ကိုစာရေးတော်ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှုကို အကုန်အစင်လျှောက်ကြ၍။

21 ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိကို စေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။