ယေ​ရ​မိ 4:26-31 BJB

26 ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရ ဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။

27 ထာဝရဘုရားမိန့်တော်မူသည်ကား၊ တပြည်လုံးပျက်စီးရာ ဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊

28 ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည် ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။

29 မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သောအသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှ တို့ကို စွန့်ပစ်၍ နေသောသူတယောက်မျှ မရှိရ။

30 သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။

31 အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ၊ သားဦးဘွားသော မိန်းမ၏ဝေဒနာခံရာ အသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့ သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကို ဖြန့်၍ ငိုကြွေးလျက်နေ၏။