ယေ​ရ​မိ 40:1-4 BJB

1 ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက်လာသည်အရာမှာ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ၊

2 ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဤပြည်၌ ရောက်သောအမှုကို ခြိမ်းတော်မူနှင့်ပြီ။

3 ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ။

4 ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသောသံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။