1 ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိ အစရှိသေတပ်မှူး ရှိသမျှတို့နှင့် လူအကြီး အငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ်၍-
2 အကျွနု်ပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်တေ် ြမင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ြဖစ်၍၊
3 အကျွနု်ပ်တို့ သနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွနု်ပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားသည် အကျွနု်ပ်တို့အား ြပတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွနု်ပ်တို့အဘို့ ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။
4 ပရောဖက် ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားအား ဆုေတာင်းမည်။ ထာ၀ရဘုရားသည် သင်တို့အား မိန့်တေ်သူသမျှတို့ကို ြပန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက် ဟု ပြောဆို၏။
5 သူတို့ကလည်း ကိုယ်တော်ဘုရားသခင် ထာ၀ရဘုရားသည် ကိုယ်တော်အားဖြင့် အကျွနု်ပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွနု်ပ်တို့သည် ပြုပါမည်ဟု၊ ထာ၀ရဘုရားသည် အကျွနု်ပ်တို့၌ မှန်ကန်၍ သစ္စာစေင့်သော သက်သေ ြဖစ်တော်မူစေသတည်း။