ယေ​ရ​မိ 42:6-12 BJB

6 အကျွနု်ပ်တို့သည် အကျွနု်ပ်တို့၏ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နား​ထောင်သောအခါ ချမ်းသာရပါမည်အ​ေကြာင်း၊ အကျွနု်ပ်တို့သည်၊ ကိုယ်​ေတာ်ကို စေလွှတ်ရာ အကျွနု်ပ်တို့၏ ဘုရားသခင် ထာ၀ရဘုရား၏ အမိန့်​တော်သည် ကောင်းသည်ဖြစ်စေ၊ မ​ကောင်းသည် ြဖစ်စေ၊ နား​ထောင်ပါမည်ဟု ယေရမိအား ပြေဆိုကြ၏။

7 ထို​နောက် ဆယ်ရက် ကြာ​သောအခါ၊ ထာ၀ရဘုရား၏ နှုတ်ကပတ်​ေတာ်သည် ယေရမိသို့ ရောက်လျှင်၊-

8 ယေရမိသည် ကာရာသား ယောဟနနိမှစ၍၊ သူ၌ပါသမျှ​သောတပ်မှူးတို့နှင့် လူအကြီးအငယ်အ​ပေါင်းတို့ကို ခေါ်၍၊-

9 သင်တို့သည် ပါု့ကိုစေလွှတ်၍ အသနား​တော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာ၀ရဘုရား မိန့်​တော်မူသည်ကား၊-

10 အကယ်စင်စစ် သင်တို့သည် ဤြပည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်​ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေသော​ဘေဒဏ်ကြောင့် နောင်တရ၏။

11 သင်တို့​ကြောက်တတ်သောဗာဗုလုန် ရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူြခင်းငှာ သင်တို့ဘက်၌ ရှိ၏။

12 သင်တို့ကို ငါကယ်မသနားသောအားြဖင့့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းြပည်သို့ ြပန်​စေရလိမ့်မည်။