9 သင်တို့သည် ပါု့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာ၀ရဘုရား မိန့်တော်မူသည်ကား၊-
10 အကယ်စင်စစ် သင်တို့သည် ဤြပည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေသောဘေဒဏ်ကြောင့် နောင်တရ၏။
11 သင်တို့ကြောက်တတ်သောဗာဗုလုန် ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူြခင်းငှာ သင်တို့ဘက်၌ ရှိ၏။
12 သင်တို့ကို ငါကယ်မသနားသောအားြဖင့့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းြပည်သို့ ြပန်စေရလိမ့်မည်။
13 သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤြပည်၌မနေ၊ ငါတို့ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊-
14 စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုြပည်သို့ သွား၍နေမည် ဟု ဆိုလျှင်၊-
15 ကျန်ကြွင်းသောယုဒအမျိုးသားတို့၊ ထာ၀ရဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုြပည်သို့ သွားြခင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက်၊ ထိုြပည်သို့အမှန်သွား၍ တည်းခိုလျှင်၊-