ယေ​ရ​မိ 44:27-30 BJB

27 သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြုခြင်းငှါ ငါစောင့်သည်ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီးကြလိမ့်မည်။

28 သို့ရာတွင်၊ ထားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန်အကြွင်းတို့သည် သိကြလိမ့်မည်။

29 ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား၊

30 ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ၏ ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။