ယေ​ရ​မိ 48:38-44 BJB

38 အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

39 သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီတကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။

40 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။

41 မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသောကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်ရလိမ့်မည်။

42 မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွားသောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။

43 အိုမောဘအမျိုးသား၊ သင်သည် ကြောက်လန့်ဘွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။

44 ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။