18 သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
19 ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
20 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီးလိမ့်မည်။
21 သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင်အောင် ကြားရ၏။
22 ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။
23 ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ၍ စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသောကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။
24 ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သောငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသောဝေဒနာကို၎င်း ခံရ၏။