ယေ​ရ​မိ 50:11-17 BJB

11 ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။

12 ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သောလွင်ပြင် ဖြစ်ရလိမ့်မည်။

13 ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက်တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသောသူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။

14 ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြလော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။

15 မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။

16 ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သောသူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။

17 ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။