ယေ​ရ​မိ 52:19-25 BJB

19 ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။

20 ဗိမာန်တော်၌ ရှောလမုန်မင်းကြီးလုပ်သောတိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။

21 တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ်ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။

22 ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသော တိုင်သည်လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့်ပြည့်စုံ၏။

23 တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာ ရှိသတည်း။

24 ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရောဟိတ်မင်းစရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ၏။

25 စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက်၊ မြို့ထဲ၌တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီးတယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား၍၊