ယေ​ရ​မိ 6:1-6 BJB

1 အိုဗင်္ယာမိန်အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲက ထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှုးကို မြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက်မျက်နှာကပေါ်လာ၏။

2 အဆင်းလှ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူသော ဇိအုန်သတို့ သမီးကို ငါဖျက်ဆီးမည်။

3 သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ၍၊ သူ့တဘက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။

4 သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ ခက်လှ၏။ မွန်းလွဲပြီ။ မိုဃ်းချုပ်လေပြီ။

5 ထကြ။ ညဉ့်အခါတက်သွား၍၊ သူ၏ ဘုံဗိမာန် တို့ကို ဖျက်ဆီးကြကုန်အံ့ဟုဆိုကြလိမ့်မည်။

6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တဘက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့သည် ဆုံးမစရာကောင်းသောမြို့ဖြစ်၏။ မြို့ထဲ၌ညှဉ်းဆဲခြင်း သက်သက်ရှိ၏။