ရု​သ 1:1-4 BJB

1 တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင်မြို့သား တယောက်သည်၊ မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။

2 ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကားနောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။

3 နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍ မယားနှင့်သားနှစ်ယောက်တို့ သည် ကျန်ရစ်ကြ၏။

4 သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမနှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊