16 ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။
17 သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
19 ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။
20 မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
21 ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
22 မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။