1 လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
2 ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
3 သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
4 အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။