သူ​ကြီး 1:20-26 BJB

20 မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အားပေးကြ၍၊ သူသည် အာနကသားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။

21 ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။

22 ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။

23 လုဇအမည်ဟောင်းရှိသော ထိုမြို့ကိုစူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊

24 မြို့ထဲက ထွက်လာသောလူတယောက်ကိုတွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟုဆိုသော်၊

25 ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။

26 ထိုသူသည် ဟိတ္တိပြည်သို့သွားပြီးလျှင်၊ မြို့ကိုတည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။