သူ​ကြီး 1:24-30 BJB

24 မြို့ထဲက ထွက်လာသောလူတယောက်ကိုတွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟုဆိုသော်၊

25 ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။

26 ထိုသူသည် ဟိတ္တိပြည်သို့သွားပြီးလျှင်၊ မြို့ကိုတည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။

27 မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။

28 တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကိုဆက်သွင်းစေကြ၏။

29 ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက်နေကြ၏။

30 ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။