သူ​ကြီး 18:1-5 BJB

1 ထိုကာလအခါ ဣသရေလရှင်ဘုရင်မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည် အတိုင်းမခံရသေး။

2 သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီးသော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်ပြီးလျှင် တည်းခို၍ နေကြ၏။

3 မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကို မှတ်မိ၍၊ သူ့နေရာသို့ ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့လုပ်၍ နေသနည်းဟု မေးသော်၊

4 ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သောအရာကို ပေး၍ ငါ့ကို ငှါးသဖြင့်၊ ငါသည် သူ၏ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။

5 သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခုခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည်အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊