သူ​ကြီး 20:1-7 BJB

1 ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရားထံတော်၌ စည်းဝေးကြ၏။

2 ဣသရေလအမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည်စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲလေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။

3 ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကားအဘယ်သို့နည်းဟု မေးမြန်းလျှင်၊

4 အသေခံရသော မိန်းမ၏လင်လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ၏။

5 ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက်သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ 

6 အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ်သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။

7 သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆိုလေ၏။