သူ​ကြီး 20:24-30 BJB

24 ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊

25 ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလလူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။

26 ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကိုရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။

27 ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊

28 ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။

29 ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊

30 တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်းလျက် နေကြ၏။