သူ​ကြီး 21:20-25 BJB

20 ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊

21 စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။

22 သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကိုထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သောမယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည်မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊

23 ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။

24 ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေသို့ ပြန်သွားကြ၏။

25 ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။တရားသူကြီး မှတ်စာပြီး၏။