သူ​ကြီး 3:1-2-8 BJB

1-2 ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားချန်ထားတော်မူသော လူမျိုးများဟူမူကား၊

3 ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသောဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။

4 ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကိုမှာထားတော်မူသော ပညတ်များအတိုင်းကျင့်မည် မကျင့်မည်ကိုထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။

5 ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင်နေ၍၊

6 သူတို့သမီးနှင့် စုံဘက်ခြင်းကိုပြုလျက်၊ မိမိတို့သမီးကိုပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။

7 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊

8 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင်ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။