သူ​ကြီး 7:15-21 BJB

15 ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၍ အပ်တော်မူမည်ဟု ဆို၏။

16 ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတလုံးနှင့် မီးခွက်ပါသော အိုးတလုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။

17 ငါ့ကို ကြည့်၍ ငါပြုသည်အတိုင်း ပြုကြ။ တပ်ပြင်သို့ ရောက်သောအခါ၊ ငါပြုသည်အတိုင်း ပြုကြ။

18 ငါနှင့် ငါ၌ ပါသောသူအပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ ထားဟု ဟစ်ကြလော့ဟု မှာထား၏။

19 ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်း ခွဲကြ၏။

20 လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကို ခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကို၎င်း၊ လက်ျာလက်၌ မှုတ်စရာတံပိုးတို့ကို၎င်း ကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ထားဟု ဟစ်ကြ၏။

21 သူတို့သည် တပ်ပတ်ဝန်းကျင်၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ၍၊ တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက် ထွက်ပြေးကြ၏။