သူ​ကြီး 8:1-6 BJB

1 ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကိုတိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။

2 ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်းထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ကောင်းသည်မဟုတ်လော။

3 ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည်ကြားသောအခါ စိတ်ပြေကြ၏။

4 ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍ လိုက်ကြ၏။

5 သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နကို ယခုလိုက်ရှာပါ၏ဟု တောင်းသော်လည်း၊

6 သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။