ဟော​ရှေ 14:4-9 BJB

4 ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက် ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက် မည်။

5 ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည်။

6 အညွှန့်တို့သည် ပြန့်ပွါး၍၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။

7 ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။

8 ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည်။

9 အဘယ်သူသည်ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဥာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ အဘယ်သူသည် ဖြောင့်ကြ၏။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။ပရောဖက်ဟောရှေစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။