ဟေ​ရှာ​ယ 10:9-15 BJB

9 ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည်မဟုတ်လော။

10 ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊

11 ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။

12 သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

13 ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ်ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။

14 ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊

15 ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။