ဟေ​ရှာ​ယ 12:2-6 BJB

2 ဘုရားသခင်သည် ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။

3 သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ်တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။

4 ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ နာမတော်ကို ပဋ္ဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့။

5 ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။ အို ဇအုန်သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။

6 အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။