ဟေ​ရှာ​ယ 15:1-4 BJB

1 မောဘပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက်စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။

2 ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။

3 လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌၎င်း ရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည်ကျကြ၏။

4 ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏။