ဟေ​ရှာ​ယ 17:11-14 BJB

11 ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှါ၎င်းပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည်ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။

12 သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။

13 အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွားသော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။

14 ညဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့သည်၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်။