ဟေ​ရှာ​ယ 20:1-4 BJB

1 အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ်ကြံသောနှစ်တွင်

2 ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။

3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊

4 ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။