ဟေ​ရှာ​ယ 20:3-6 BJB

3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊

4 ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။

5 အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။

6 ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး၍ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်။