ဟေ​ရှာ​ယ 21:1-6 BJB

1 ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သောပြည်၊ တောကြီးမှလာ၏။

2 ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။

3 ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဘွားသော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင်အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။

4 ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဘွယ်သောအရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။

5 စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။

6 အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြောစေလော့ဟု ငါ့အားမိန့်တော်မူ၏။