9 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။
10 အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။
11 ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
12 ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏သ္မီး၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်းမရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက်ခြင်း မရှိရဟု မိန့်တော်မူ၏။
13 အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏။ ထိုပြည်သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော်များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။
14 တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ။
15 ထိုကာလ၌ တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့် မည်။