7 သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ၏။
8 သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံလည်း ငြိမ်းပြီ။
9 သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါးကြလိမ့်မည်။
10 လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။
11 စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တပြည်လုံး၌ သာယာသောအသံ ငြိမ်းပြီ။
12 ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
13 ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။