ဟေ​ရှာ​ယ 26:11-17 BJB

11 အိုထာဝရဘုရား၊ လက်တော်ကိုချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။

12 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အဘို့ ပြုတော်မူ၏။

13 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတပါး အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။

14 ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက်မရှင်ရကြပါ။ သခင်္ျိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေခြင်းငှါ ပယ်ရှင်းတော်မူပြီ။

15 အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါးစေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။

16 အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသော အခါ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ။

17 ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။