ဟေ​ရှာ​ယ 29:20-24 BJB

20 အကြောင်းမူကား၊ ကြောက်မက်ဘွယ်သောသူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊

21 တရားတွေ့၍ ဆင်းရဲသောတို့ အပြစ်ရောက်စေသောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။

22 သို့ဖြစ်၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူသော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။

23 ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အ မျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။

24 စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။