ဟေ​ရှာ​ယ 3:15-21 BJB

15 ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ၏။

16 တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊

17 ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။

18 ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊

19 နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊

20 ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊

21 လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊