10 သတိမရှိသောမိန်းမတို့၊သင်တို့သည် တနှစ်လွန်မှပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်း ခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာလ မရောက်ရ။
11 ငြိမ်သက်စွာ နေသောမိန်းမတို့၊ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌လျှော်တေအဝတ်ကို စည်းကြလော့။
12 ရင်ပတ်ကိုခတ်ခြင်း၊ သာယာသော လယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
13 ငါ့လူတို့၏မြေကို၎င်း၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသောမြို့ကို၎င်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။
14 ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေတွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။
15 ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသော ကာလမရောက်မှီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။
16 ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။