13 ငါ့လူတို့၏မြေကို၎င်း၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသောမြို့ကို၎င်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။
14 ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေတွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။
15 ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသော ကာလမရောက်မှီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။
16 ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။
17 ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။
18 ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။
19 သို့ရာတွင်၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။