ဟေ​ရှာ​ယ 32:16-20 BJB

16 ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။

17 ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။

18 ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။

19 သို့ရာတွင်၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။

20 ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။