ဟေ​ရှာ​ယ 36:1-5 BJB

1 ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊

2 ရာဗရှာခကို ခန့်ထား၍ များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီး ထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက်ရေ ကန်ပြွန်ဝ၌ ရပ်နေ၏။

3 ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင်၊

4 ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။

5 စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင် ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။