ဟေ​ရှာ​ယ 36:17-22 BJB

17 သင်တို့ပြည်နှင့် တူသောပြည်တည်းဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါ ငါမလာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍၊ ကိုယ်ရေကန်က ရေကို သောက်လျက်နေကြဦးလော့။

18 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။

19 ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ဘုရား တို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။

20 ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။

21 ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။

22 ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေ့ဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍၊ ရာဗရှာခ စကားကို ကြားလျှောက် ကြ၏။