ဟေ​ရှာ​ယ 38:5-11 BJB

5 သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။

6 သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။

7 ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊

8 ကြည့်ရှုလော့။ အာခတ်၏နေတိုင်းနာရီပေါ်မှာ ရွေ့သောအရိပ်ကို ဆယ်ချက်ပြန်စေမည်ဟုဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သောဆယ်ချက်ပြန်လေ၏။

9 ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက်၍ ရေးထားသောစာဟူမူကား၊

10 ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟုငါဆိုသတည်း။

11 အသက်ရှင်သော သူတို့၏ နေရာ၌၊ ထာဝရဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်းဘော်ရသဖြင့်၊ နောက်တဖန် လူတို့ကို မမြင်ရ။