ဟေ​ရှာ​ယ 40:25-31 BJB

25 သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ၏။

26 အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှ မပေါ်ဘဲမနေရ။

27 အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသနည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။

28 ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။

29 ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။

30 လူပျိုတို့သည် မော၍ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။

31 ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။