1 တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။
2 ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူ အမျိုးမျိုးတို့ သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ထားရှေ့မှာ မြေမှုန့်ကဲ့သို့၎င်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့၎င်း အဘယ်သူဖြစ်စေသနည်း။
3 ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဘူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။
4 ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှ စ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသော သူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။
5 တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
6 အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။