ဟေ​ရှာ​ယ 43:1-6 BJB

1 အိုယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။

2 သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။

3 အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။

4 သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။

5 မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။

6 အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊