ဟေ​ရှာ​ယ 44:24-28 BJB

24 သင့်ကို ရွေးနှုတ်တော်မူ၍၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက်၊ မြေကြီးကို အဘော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။

25 ငါသည် မိစ္ဆာဆရာတို့၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ပညာကို မိုက်စေတတ် ၏။

26 ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။

27 ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏ မြစ် အပေါင်းကို ငါခန်းခြောက်စေမည်ဟူ၍၎င်း၊

28 ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍၎င်း ငါဆို၏။